ချဉ်ရေဟင်း ၂ယောက်စာ တအိုးအတွက်
၁။ ကန်းစွန်းရွက်တစည်း
၂။ ခရမ်းချဉ်သီးတလုံး
၃။ ငပိစိမ်းစားအနည်းငယ်
၎။ မရမ်းပြား ၄ ခြမ်း
၅။ အစိမ်းမှုန့် ၁ ဇွန်း
၆။ ငါး သို့မဟုတ် ပုဇွန် လိုအပ်ပါတယ်။
ဒီနေ့တော့ ငါးမသုံးပဲ ပုဇွန် အရွယ်တော် ၄ကောင်လောက် နွှင် ပါးပါးလှီးပီး အိုးတလုံးထဲ ကန်စွန်းရွက် ရေဆေးနွှင်ထားတာတွေနဲ့ ရောထည့်လိုက်ပါတယ်။ နောက် ခရမ်းချဉ်သီးကိုလည်း လှီးမနေတောပဲ လက်နဲ့ပဲ ခြေပီး ငပိစိမ်းစား မရမ်းပြား အစိမ်းမှုန့် တို့နဲ့တူတူ ငံပြာရည် နဲ့ ဆီ တစ်ဇွန်းလောက် ဆမ်း အိုးထဲထည့်ပီး လက်သန့်သန့်နဲ့ နယ်ပါတယ်။
နောက်မီးဖိုပေါ်မှာ မီးအေးအေးနဲ့ နွမ်းအောင်တည်ပီး နွမ်းလာရင် ရေမြှုပ်အောင်ထည့်ပီး ပွက်ပွက်ဆုအောင ထပ်တည်ပါတယ်။ ပွက်ပွက်ဆူလာရင် အရသာအပေါ့အငံမြည်းပီးလိုတာထည့်ပီးရင် အရသာရှိလှတဲ့ ကန်စွန်းရွက်ချဉ်ရေတခွက်ရပါပီရှင်။
ချဉ်ရေဟင်းနဲ့ လိုက်တာက ငါးကြော်ကြွပ်ကြွပ်လေးပေမဲ့ ဒီနေ့တော့ကြက်သလုံးကြော်လေးပဲ လုပ်စားဖြစ်ပါတယ်။ အရင်ဆုံး ကြက်သွန်ဖြူတဥ ဂျင်းလက် ၂ ဆစ်လောက်ကို ညက်အောင်ထောင်းပီး ကြက်သား နုပ်နုပ်စင်းထားတဲ့ အထဲကို အရေညှစ်ထည့်ပါတယ်။ ပီးရင်
ငရုတ်ကောင်းမှုန့်
ကြက်သွန်ဖြူ ဂျင်းထောင်းထာတဲ့ အနည်းငယ်
ဂျူံမှုန့်အနည်းငယ်
ကြက်ဥအကြည်ရေ
ပဲငပြာရည်အနောက် နဲ့ ဆားအနည်းငယ် ထည့်ပီး သမသွားအောင် နာနာနယ်ပါတယ်။
ပီးနောက် လက်မှာ မကပ်အောင် ဆီအနည်းငယ် စွတ်ပီး ကြက်သားကို အရွယ်တော် အလုံးလေးတွေ ဖြစ်အောင် လုံးပါတယ်။
နောက် ဆီပူပူမှာ ကြက်သားလုံးလေးတွေ ထည့်ပီး အကျက်ညီအောင် မီးအေးအေးနဲ့ ကြော်ပါတယ်။
ကဲ ဒီနေ့ညစာ ကန်စွန်းရွက်ချဉ်ရေဟင်းလေး နဲ့ ကြက်သလုံးကြော်လေးရပါပီရှင်။